ICC ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဒူတာတေးရဲ့ လူယုံ အမတ် လွှတ်တော်ထဲ ဝင်ပြေးခိုလှုံ

May 13, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published1 month ago
Duration3:27
Video IDzy9VBGTRXDo
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views43.7K
Likes1.3K
Comments96
Engagement Rate3.22%
Likes per 100 views3.00
Comments per 1K views2.20

Description

ICC ရဲ့ ဝရမ်းနဲ့ အစိုးရ အေးဂျင့်တွေရဲ့ ဖမ်းဆီးမှုကနေ လွှတ်တော်ထဲမှာ ထွက်ပြေး ခိုလှုံနေတဲ့ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ---------------- ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ရော်နယ် ဒယ်လာရိုဆာ (Ronald dela Rosa) ဟာ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းရေး စီမံချက်ကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူ ဖြစ်ပါတယ်။ သူ့ကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ် (The Hague) မြို့မှာရှိတဲ့ ICC တရားရုံးက သမ္မတဟောင်း ဒူတာတေးအပေါ် ဖမ်းဆီးခဲ့တဲ့ ပုဒ်မနဲ့ပဲ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဝရမ်းကို ထုတ်ခဲ့တာ ဖြစ်ပေမယ့် အခု မေလ ၁၁ ရက်ကမှ အဲဒီဝရမ်းကို ထုတ်ပြန်ကြေညာခဲ့တာပါ။ အသက် ၆၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ လွှတ်တော်အမတ် ဒယ်လာ ရိုဆာဟာ ဒီဖမ်းဝရမ်းထုတ်ထားတဲ့ဆိုတဲ့ သတင်းတွေကြောင့် လနဲ့ချီပြီး လူမြင်ကွင်းကနေ ပျောက်နေခဲ့ရာကနေ ပြီးခဲ့တဲ့ မေလ ၁၁ ရက်က လွှတ်တော်ကို ရောက်လာတာ ဖြစ်ပါတယ်။ မေလ ၁၁ ရက်မှာ သူလာမယ်လို့ ကြိုတင်သတင်းရထားတဲ့ အစိုးရအေးဂျင့်တွေက ဒယ်လာ ရိုဆာ ကို ဖမ်းဖို့ ဖိလစ်ပိုင်လွှတ်တော်ရှေ့မှာ စောင့်နေခဲ့ကြပေမယ့် ဒါကို ကြိုပြီး သတိထားမိသွားတဲ့ ဒီလာရိုဆာက လွှတ်တော်ထဲကို ဝင်ပြေးသွားခဲ့ပါတယ်။ အေးဂျင့်တွေကလည်း သူ့ကို နောက်ကနေ လိုက်ဖမ်းစဉ်မှာ သူဟာ လှေကားတွေပေါ်ကနေ တံခါးတွေကို ဖြတ်ပြေးခဲ့ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ သူဟာ ဖမ်းဆီးမယ့်သူတွေ အာဏာမသက်ရောက်နိုင်တဲ့ လွှတ်တော်ခန်းမထဲကို လုံလုံခြုံခြုံ ရောက်သွားခဲ့ပါတယ်။ အဲဒီနေ့က ပြုလုပ်တဲ့ လွှတ်တော် အစည်းအဝေးမှာတော့ ဒီရုပ်ရှင်ဆန်ဆန် CCTV မှတ်တမ်းကို ပြသခဲ့ကြပါတယ်။

Related Videos

More videos from Myanmar Now News